Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    ခွဲစိတ်ဒဏ်ရာအသေးငယ်ဆုံးဖြင့်ကျောရိုးခွဲစိတ်ကုသခြင်း (MINIMALLY INVASIVE SPINE SURGERY, MISS)

    5 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 16 ဇန် 2026
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    ခွဲစိတ်ဒဏ်ရာအသေးငယ်ဆုံးဖြင့်ကျောရိုးခွဲစိတ်ကုသခြင်း (MINIMALLY INVASIVE SPINE SURGERY, MISS)
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 16 ဇန် 2026

    နောက်ကျောနှင့် လည်ပင်းပြဿနာများသည် သင့်ဘဝကို နည်းလမ်းပေါင်းစုံဖြင့် သက်ရောက်မှုရှိနိုင်သောကြောင့် သင့်ပြဿနာများ၏ မူလအကြောင်းရင်းကို ရှာဖွေရန်မှာ မလွယ်ကူလှပါ။ ခါးနာခြင်း သို့မဟုတ် လည်ပင်းနာခြင်းသည် သင့်ဘဝအရည်အသွေးကို ထိခိုက်နေပြီဆိုပါက ဆေးကုသမှုခံယူရန် အချိန်တန်ပြီဖြစ်ပါသည်။ ဘန်ကောက်ကျောရိုးဌာနသည် အရည်အသွေးမြင့် ဝန်ဆောင်မှုများနှင့် ကရုဏာဖြင့်လူနာစောင့်ရှောက်မှုများကို အဓိကထားဆောင်ရွက်ပေးနေပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုတွင် ခေတ်မီစက်ကိရိယာများနှင့် နောက်ဆုံးပေါ်နည်းပညာများပါရှိသည်။ ကျွန်ုပ်တို့၏ဆရာဝန်များသည် လူနာများအား ပိုမိုကောင်းမွန်သောဘဝအရည်အသွေးကို တွေ့ကြုံခံစားနိုင်စေရန်အတွက် ထူးခြားဆန်းသစ်သောကုသမှုများကို ပေးစွမ်းနိုင်ရန်အသင့်ရှိနေပါသည်။

     

    Chat with Us


    ကျွန်ုပ်တို့၏ဝန်ဆောင်မှုများတွင်

    ၁) ပြန်လည်ကျန်းမာသန်စွမ်းရေး၊ နာကျင်မှုဆိုင်ရာစီမံခန့်ခွဲ‌ရေး၊ နှင့် ရောင်ရမ်းမှုလျော့ကျရေးဆေးဝါးကုထုံး
    ကျောရိုးပြန်လည်ကျန်းမာသန်စွမ်းရေးပရိုဂရမ်သည် ခွဲစိတ်မှုမလိုအပ်ဘဲ နာကျင်မှုကိုသက်သာစေပြီး လုပ်ငန်းဆောင်တာပြန်လည်ကောင်းမွန်စေရန် ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ ပြန်လည်ကျန်းမာသန်စွမ်းရေးဆိုင်ရာ အထူးကုဆရာဝန်များအဖွဲ့သည် တစ်ဦးချင်းစီ၏လိုအပ်ချက်များနှင့် ပြန်လည်ကျန်းမာသန်စွမ်းရေးပန်းတိုင်များအပေါ် ဉီးတည်ပါသည်။ ထို့အပြင် နာကျင်မှု သို့မဟုတ် ရောင်ရမ်းမှုလျော့ကျရေးဆေးဝါးများကို လက္ခဏာများ သက်သာစေရန်နှင့် ကြွက်သားများနှင့် အရွတ်များ ရောင်ရမ်းခြင်းကို လျှော့ချရန်အတွက် ညွှန်ကြားနိုင်သည်။ ဆရာဝန်သည် လူနာအတွက် အကျိုးသက်ရောက်မှုအရှိဆုံးသော ကုသမှုအစီအစဉ်ကို ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။
     
    ၂) ကျောရိုးကုသမှု
    ကျွန်ုပ်တို့၏ဆရာဝန်သည် ရောဂါဇစ်မြစ်ကိုဖော်ထုတ်ပြီးနောက် နာကျင်မှုကို သက်သာစေရန်၊ လျှော့ချစေရန် သို့မဟုတ် ကိုင်တွယ်ရန်အတွက် တစ်ဦးချင်းအလိုက်အစီအစဉ်များကို ‌ရေးဆွဲပြီး လူနာများအား နေ့စဉ်လုပ်ငန်းဆောင်တာများသို့ အမြန်ပြန်သွားနိုင်‌အောင် ကူညီ‌ပေးနိုင်ပါသည်။ ဆရာဝန်သည် နာကျင်တိုင်းတာမှုစစ်ဆေးသည့်နည်းလမ်းများဖြင့် နာကျင်သော အာရုံကြောများ သို့မဟုတ် ကျောရိုးအဆင့်ကို ရှာဖွေဖော်ထုတ်မည်ဖြစ်သည်။ ခွဲစိတ်ကုသရန် လိုအပ်ပါက ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်ရာပြုလုပ်ရန်အတွက် နေရာအတိအကျကို သိနိုင်မည်ဖြစ်သည်။
     
    SI Joint dysfunction Syndrome ရှိသော လူနာများအတွက် တင်ပါးဆုံ SI အဆစ်နှင့် နောက်ကျောအောက်ပိုင်းကို ရုပ်ပိုင်းဆိုင်ရာထိန်းညှိခြင်းကုထုံးဖြင့် အဆစ်များတောင့်တင်းနေမှု, ကြွက်သားတင်းမာနေမှုကို လျှော့ချပေးနိုင်ပြီး လှုပ်ရှားမှု ပုံမှန်အကွာအဝေးကို ပြန်လည်ရရှိစေနိုင်ပါသည်။ Spinal intervention ကုသမှုသည် ရောင်ရမ်းခြင်းနှင့် နာကျင်မှုကို လျှော့ချနိုင်ပါသည်။

     

    Chat with Us


    img​

    ၃) အသေးငယ်ဆုံးသောခွဲစိတ်ရာဖြင့်ကျောရိုးခွဲစိတ်ခြင်း (MINIMALLY INVASIVE SPINE SURGERY, MISS)
    ယခင်က ကျောရိုးခွဲစိတ်မှုကို သမားရိုးကျခွဲစိတ်မှုဖြင့်သာ ပြုလုပ်ခဲ့သည်။ သို့သော်လည်း မကြာသေးမီနှစ်များအတွင်း တိုးတက်လာသောနည်းပညာများကြောင့် ကျောနှင့်လည်ပင်းအခြေအနေများကို ခွဲစိတ်ရာအသေးဆုံးဖြင့် ကျောရိုးခွဲစိတ်ကုသနိုင်လာပါသည်။ နည်းပညာသစ်သည် ကျောရိုးပတ်ပတ်လည်ရှိ ကြွက်သားများကို အလွန်အမင်း ထိခိုက်ခြင်းမှ ကင်းဝေးစေပါသည်။ ပုံမှန်အားဖြင့် ဤခွဲစိတ်မှုကြောင့် ခွဲစိတ်ပြီးနောက်ပိုင်း နာကျင်မှုကို နည်းပါးစေပြီး ပြန်လည်နာလံထချိန်ကိုမြန်ဆန်စေပါသည်။

     

    • အဏုကြည့်မှန်ဘီလူးဖြင့် ကျောရိုးဆစ်ချပ်ပြားလေးကျွံခြင်းကို ခွဲစိတ်ပြုပြင်ဖယ်ရှားခြင်း/  ကျောရိုးအတွင်းအာရုံကြောလမ်းကြောင်းကိုကျဉ်းစေသောအရိုးအားဖယ်ထုတ်ခြင်း (Microscopic discectomy/foraminotomy)
      ၎င်းသည် အဆ ၂၀ မှ ၁၀၀ အထိချဲ့ကြည့်နိုင်သော အဏုကြည့်မှန်ဘီလူးကို အသုံးပြု၍ အသေးငယ်ဆုံးသောခွဲစိတ်ရာဖြင့်‌‌ဆောင်ရွက်သော ကျောရိုးခွဲစိတ်ကုသမှုများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ခွဲစိတ်ဆရာဝန်သည် အာရုံကြောများနှင့် ခွဲစိတ်သည့်နေရာကို ရှင်းလင်းစွာမြင်နိုင်မည်ဖြစ်သည်။ Stealth Navigation System သည် ခွဲစိတ်နေချိန်အတွင်း ခွဲစိတ်ဆရာဝန်အား လူနာများ၏ ခန္ဓာဗေဒကို တိကျစွာ လမ်းညွှန်ပေးနိုင်ပါသည်။ အဆိုပါစနစ်သည် အာရုံကြောစစ်ဆေးခြင်းစနစ် (IOM) နှင့် ချိတ်ဆက်နိုင်ရန် ဒီဇိုင်းဆွဲထားပါသည်။ ဤနည်းအားဖြင့် ခွဲစိတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် အရည်အသွေးမြင့် ပုံရိပ်များဖော်ဆောင်နေချိန်အတွင်း အာရုံကြောထိခိုက် နိုင်ခြေကို လျှော့ချပေးသည်။ ခွဲစိတ်ဒါဏ်ရာသည် 2-3 စင်တီမီတာဝန်းကျင်သာရှိပြီး သွေးထွက်ဆုံးရှုံးမှုအနည်းငယ်သာရှိသည်။
       
    • Microendoscopic discectomy/foraminotomy
      Microendoscopic discectomy သည် tubular retractor ကို အသုံးပြု၍ လုပ်ဆောင်နိုင်သည်။ ဤနည်းလမ်းသည် ကြွက်သားများကို တိုက်ရိုက်ဖြတ်ခြင်းထက် ပျော့ပျောင်းသောတစ်ရှူးများကို ချဲ့ခြင်းဖြင့်လုပ်ဆောင်ပါသည်။ ပြွန်များအားအသုံးပြု၍ ကြွက်သားများကို လမ်းကြောင်းရှင်းထားသောကြောင့် ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်သည့်နေရာကို အကျယ်ကြီးဖွင့်ပြထုတ်ဖော်ရန်မလိုဘဲ ခွဲဒဏ်ရာအသေးလေးမှတစ်ဆင့် လုပ်ဆောင်နိုင်သည်။ ခွဲစိတ်ဒါဏ်ရာသည် ၁.၅ – ၂ စင်တီမီတာသာရှိသည်။ ဤလုပ်ထုံးလုပ်နည်းတွင် ခွဲစိတ်ဆရာဝန်၏ ကောင်းမွန်မြင့်မားသောကျွမ်းကျင်မှုအဆင့်နှင့် အဆင့်အတန်းမြင့်ခွဲစိတ်ကိရိယာများလိုအပ်သည်။
       
    • မှန်ပြောင်းဖြင့် ကျောရိုးဆစ်ချပ်ပြားလေးကျွံခြင်းကို ခွဲစိတ်ပြုပြင်ဖယ်ရှာခြင်း/  ကျောရိုးရှိအာရုံကြောလမ်းကြောင်းကို ကျဉ်းစေသောအရိုးအားဖယ်ထုတ်ခြင်း (Endoscopic discectomy/foraminotomy)
      Endoscopic Spine Surgery သည် တစ်ရှူးများ အထူးသဖြင့် ကြွက်သားများကို ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်စေသည့် ခွဲစိတ်ရာအသေးငယ်ဆုံးဖြင့်ပြုလုပ်ရသော ကျောရိုးခွဲစိတ်မှုတစ်ခုဖြစ်ပြီး သမားရိုးကျခွဲစိတ်မှုကဲ့သို့ အောင်မြင်သောရလဒ်များရှိပါသည်။ နေရာတစ်နေရာထဲမှတစ်ဆင့် ခန္ဓာကိုယ်ဘေးဘက်နှင့် နောက်ဘက်ထဲသို့ ၀.၈ စင်တီမီတာရှိသော endoscopic မှန်ပြောင်းကင်မရာကို ချောဆီအရည်အား အသုံးပြု၍ ထည့်သွင်းခြင်းအားဖြင့် ကြည်လင်ပြတ်သားစွာမြင်နိုင်ပါသည်။ ခွဲစိတ်ခန်းစောင့်ကြည့်မှုမှတစ်ဆင့် ခွဲစိတ်ဆရာဝန်သည် သွေးထွက်ခြင်းကိုရပ်တန့်ရန်နှင့် အဓိကထားကုသရမည့်နေရာတွင်ရှိသော ပြဿနာကိုပြုပြင်ရန် bipolar/ radiofrequency (ရေဒီယိုအသံလှိုင်း) ကိုအသုံးပြုမည်ဖြစ်သည်။ စက်ကိရိယာများအားလုံးသည် ဤခွဲစိတ်မှုအတွက် အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ထိရောက်မှုအရှိဆုံးနှင့် ဘေးကင်းလုံခြုံစိတ်ချမှုရှိရန်အတွက် အထူးလေ့ကျင့်သင်ကြားထားသည့် အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ခွဲစိတ်ကုသပေးပါသည်။

     

    See The Doctor’s Profile


    ၄) Advanced MIS (ခွဲစိတ်ဒဏ်ရာအသေးငယ်ဆုံးဖြင့် အဆင့်မြင့်ခွဲစိတ်နည်းပညာ)

    ခွဲစိတ်ဒဏ်ရာအသေးငယ်ဆုံးဖြင့် အဆင့်မြင့်ခွဲစိတ်နည်းပညာတွင်

    • IOM

      ခွဲစိတ်နေစဉ်အတွင်း အာရုံကြောထိခိုက်ပျက်စီးမှုများမှ ကာကွယ်ရန်အတွက် ခွဲစိတ်မှုစောင့်ကြည့်ခြင်း Intraoperative neurological monitoring (IOM) တွင် electrophysiological နည်းလမ်းများ အသုံးပြု၍ အာရုံကြောများနှင့် ကျောရိုး၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ပါသည်။ ၎င်းသည် အသေးငယ်ဆုံးသောခွဲစိတ်ရာဖြင့်ခွဲစိတ်မှုတွင် အရေးအကြီးဆုံးနည်းပညာတစ်ခုဖြစ်သည်။ အာရုံကြောစနစ် ပျက်စီးနိုင်ခြေကို လျှော့ချပေးပါသည်။

    • O-ARM Navigator

      O-Arm ခွဲစိတ်မှုပုံရိပ်စနစ် (O-ARM navigator) သည် ကျောရိုးခွဲစိတ်မှုများတွင် 3D ပုံရိပ်များရရှိရန်အတွက် ဖန်တီးထားသော ပုံရိပ်ဖော်စနစ်တစ်ခုဖြစ်သည်။ O-ARM စနစ်သည် အရည်အသွေးမြင့်၊ ဘေးကင်းလုံခြုံစိတ်ချရသောပုံရိပ်ဖြင့် ခွဲစိတ်ဆရာဝန်၏ ဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက်ချရန်အတွက် လိုအပ်သော အချက်အလက်များကို ပေးစွမ်းနိုင်ပါသည်။ ခန္ဓာကိုယ်အလေးချိန်များသောလူနာများ (သို့မဟုတ်) ပုံမှန်မဟုတ်သည့်ခန္ဓာဗေဒရှိသော လူနာများကဲ့သို့သော စိန်ခေါ်မှုရှိသည့်အချို့ကုသမှုများအတွက် ထပ်ဆောင်းအချက်အလက်များကို ပေးစွမ်းနိုင်ပါသည်။ ၎င်းသည် နောက်ဆက်တွဲဆိုးကျိုးများ၊ နာကျင်မှုနှင့် ပြန်လည်နာလန်ထရန်ကြာချိန်ကို လျှော့ချပေးသည်။


    ဘန်ကောက်ဆေးရုံရှိ Bangkok Spine Center သည် အရည်အသွေးမြင့် ဝန်ဆောင်မှုများနှင့် လူနာများအား ကရုဏာဖြင့်စောင့်ရှောက်မှုများ ပေးရန်အတွက် အဓိကထားလုပ်ဆောင်ပေးနေပါသည်။ လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များအလိုက် ကုသမှုများပေးစွမ်းနိုင်ပြီး အတတ်နိုင်ဆုံး ခွဲစိတ်စရာမလိုသော ညင်သာသော ကုသနည်းလမ်းများဖြင့် အမြဲတမ်းစတင်ပါသည်။ ပြင်ပလူနာစောင့်ရှောက်မှု၊ ခွဲစိတ်ကုသခြင်း သို့မဟုတ် ခန္ဓာကိုယ်ပြင်ပမှ ရောဂါရှာဖွေရေးနည်းလမ်းများအပါအဝင် သင့်၏အကောင်းဆုံးကုသမှုအစီအစဉ်ကို ဆုံးဖြတ်ချက်ချနိင်ရန်အတွက် ကျွန်ုပ်တို့၏ဆရာဝန်များသည် သင်နှင့်အတူ ပါဝင်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။
     
    Bangkok Spine Center သည် လူနာများအတွက် အကျိုးကျေးဇူးအများဆုံးရရှိ‌နိုင်ရေးအတွက် မလိုအပ်သော ခွဲစိတ်ကုသမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်၍ JCI (Joint Commission International) မှ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် အလုံးစုံပြည်စုံသောစောင့်ရှောက်မှုကို ပေးစွမ်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ သင့်အား အကောင်းဆုံးကုသမှုများပေးခြင်းဖြင့် သင်နှစ်သက်သောအရာများကို ပြန်လည်လုပ်ဆောင်ရန် ကူညီပေးခြင်းဖြစ်ပါသည်။

     

    Chat with Us

    .

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကျောရိုးအထူးကုစင်တာ

    ဒုတိယထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    နေ့စဥ် မနက် ၇ နာရီ မှ ည‌ ၈ နာရီ

    (+66) 2755 1549

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များတင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ

    344,000 - 730,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    ကျောရိုးအတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း Image
    AI
    ကျောရိုးအတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း
    ပြင်းထန်သော office syndrome ဝေဒနာ ကျောရိုးသည် ထာဝရပျက်စီးသွားနိုင်သည်။ Image
    AI
    ပြင်းထန်သော office syndrome ဝေဒနာ ကျောရိုးသည် ထာဝရပျက်စီးသွားနိုင်သည်။
    အနည်းဆုံး ထိုးဖောက်ဝင်ရောက်နိုင်သော ဘိလပ်မြေ-အားဖြည့်ထားသော ကျောရိုးဝက်အူနေရာချထားခြင်းနည်းပညာ (MIS CAPT) Image
    AI
    အနည်းဆုံး ထိုးဖောက်ဝင်ရောက်နိုင်သော ဘိလပ်မြေ-အားဖြည့်ထားသော ကျောရိုးဝက်အူနေရာချထားခြင်းနည်းပညာ (MIS CAPT)
    ကျန်းမာ