Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    အဏုကြည့်မှန်ပြောင်း ဖြင့်ခွဲစိတ်ချင်းဖြင့် ခါးနာခြင်းကို ရပ်တန့်နိုင်ပါသည်

    2 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 07 ဇန် 2026
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ
    အဏုကြည့်မှန်ပြောင်း ဖြင့်ခွဲစိတ်ချင်းဖြင့် ခါးနာခြင်းကို ရပ်တန့်နိုင်ပါသည်
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 07 ဇန် 2026

    ခါးနာခြင်းသည် လူကိုမသက်မသာဖြစ်စေပြီး နာကျင်စေကာ နေတဒူဝလုပ်ငန်းဆောင်တာများကိုလျော့နည်းစေပါသည်။ တချို့သောခါးနာခြင်းအများစုသည် အိမ်တွင်းကုသမှုဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်းသက်သာပျောက်ကင်းသွားစေနိုင်သည်။ သို့သော် အများစုသော နာကျင်မှုသည် ပျောက်မသွားဘဲ နာတာရှည်ရောဂါ ဖြစ်လာနိုင်ပါသည်။

    ၎င်းသည် ခါးရိုးဆစ်ကျွံ့ခြင်းသို့မဟုတ် ကျောရိုးရှိနေရာလွတ်များကျဉ်းမြောင်းလာခြင်းကြောင့်ဖြစ်သည်။ ဤအခြေအနေများကို ခံစားနေရသော လူနာများသည် အဏုကြည့်ခွဲစိတ်မှုဖြင့်ခွဲ စိတ်ရန်သင့်တော်သောလူနာများပင် ဖြစ်သည်။

     

    အဏုကြည့်မှန်ပြောင်းခွဲစိတ်မှုဆိုသည်မှာ ဘာလဲ?

    20-100x ချဲ့ထွင်လို့ရသည့် အဏုကြည့်မှန်ဘီလူးကို အသုံးပြု၍ ကျဉ်းမြောင်းနေသည့်ကျောရိုးကိုချဲ့ထွင်ခြင်းလုပ်ဆောင်နိုင်သည်။ ခွဲစိတ်ဆရာဝန်သည် သေးငယ်သော အာရုံကြောများနှင့် ခွဲစိတ်မှုနယ်ပယ်ကို ရှင်းလင်းတိကျပြတ်သားစွာမြင်နိုင်သည်။ Stealth Navigation System သည် ခွဲစိတ်ဆရာဝန်အား လူနာများ၏ ခန္ဓာဗေဒကို တိကျပြတ်သားစွာ လမ်းညွှန်ပေးနိုင်စွမ်းရှိသည်။ အဆိုပါစနစ်သည် ပေါင်းစပ်ပုံဖော်မှုစနစ် (IOM) နှင့် ပေါင်းစပ်ရန် ဒီဇိုင်းထုတ်လုပ်ထားသည်။ ၎င်းသည် ခွဲစိတ်ရာတွင် အရည်အသွေးမြင့် ပုံရိပ်ဖော်နေချိန်တွင် အာရုံကြောပျက်စီးနိုင်ခြေကို လျှော့ချပေးသည်။ ခွဲစိတ်နေရာသည် 2 စင်တီမီတာဝန်းကျင်လောက်သာရှိပြီး သွေးဆုံးရှုံးမှုအနည်းငယ်သာရှိပါသည်။ ထို့အပြင် ခွဲစိတ်ချိန်နှင့် ပြန်လည်နာလန်ထချိန်သည်လည်း တိုတောင်းပါသည်။


    ခွဲစိတ်ရန်သင့်လျော်သူများ

    • ခြေလက်များ လှုပ်ရှားမှုအားနည်းခြင်း သို့မဟုတ် အာရုံခံအားနည်းခြင်း။
    • ဘဝအရည်အသွေး သိသိသာသာ ကျဆင်းသွားသော ပြင်းထန်သော နာကျင်မှုရှိနေခြင်း။
    • 3-6 လအကြာ ကုသမှုခံယူပြီးတိုင်အောင် နာကျင်မှု ဆက်လက်ရှိနေသူများ ။
    • ဆီးအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလုပ်ဆောင်ချက်များပြောင်းလဲ နေသူများ ။




    အဏုကြည့်မှန်ပြောင်း ဖြင့်ခွဲစိတ်ရန်သင့်တော်သူများ

    • ခါးရိုးဆစ် ကျွံကြနေသောလူနာများ
    • ကျောရိုး၊ အဆစ်အပိုင်းနှင့် ကျောရိုးဒစ်၏ ယိုယွင်းလာမှုကြောင့် ကျောရိုးဆစ်ကျဉ်းရှိသော လူနာများ၊

    အဏုကြည့်မှန်ပြောင်း၏ အားသာချက်များ

    • ကြွက်သားနှင့် ပတ်ဝန်းကျင်တစ်သျှူးများ ပျက်စီးမှုကို လျှော့ချပေးသည်။
    • လိုအပ်ပါက laminectomy လုပ်နိုင်သည်။
    • နာကျင်မှုနှင့် ခွဲစိတ်ချိန်ကို လျှော့ချနိုင်သည်။
    • ပြန်လည်နလန်ထအချိန်တိုတောင်းခြင်း။

    ခွဲစိတ်ပြီးနောက်ပိုင်း စောင့်ရှောက်မှု

    • ဆေးရုံမှ မထွက်ခွာမီ အိပ်ယာပေါ်/ကားပေါ်မှ ဆင်းနိုင်ရမည်။
    • ခွဲစိတ်ပြီး ၂ ပတ်အကြာတွင် ပြင်းထန်သော လှုပ်ရှားမှုများ သို့မဟုတ် အလေးအပင်များ အပြင်  မိနစ် 60 ထက် ပို၍မထိုင်သင့်ပါ။
    • ခွဲစိတ်ပြီးနောက် 4 ပတ်အကြာတွင် ဝမ်းဗိုက်နှင့် နောက်ကျောကြွက်သားများကို အားကောင်းစေသော လေ့ကျင့်ခန်းကိုပုံမှန်အတိုင်း ပြုလုပ်နိုင်ပါသည်။

    အထူးကုဆရာဝန်နှင့်တိကျမှန်ကန်သောရောဂါရှာဖွေခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ကုသမှုများသည် အများအားဖြင့် ဆေးဝါးနှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများအစရှိသော ကုထုံးများဖြင့် စတင်ကုသနိုင်သည်။ထိုသို့ကုသသော်လည်းနာကျင်မှုသည် အချိန်အကြာကြီး ပျောက်မသွားဘဲရှိနေပါက နာတာရှည်ဖြစ်လာပါက၊ လူနာသည် အာရုံကြောအပေါ် ဖိအားများကို သက်သာစေရန်အတွက် အဏုကြည့်မှန်ပြောင်းဖြင့်ခွဲစိတ်ရန်လိုအပ်သည်။ ဘန်ကောက်ဆေးရုံးခါးရိုးဆိုင်ရာဌာနသည် လူနာများအတွက် အမြင့်ဆုံးအကျိုးကျေးဇူးများရရှိစေရန်အတွက် မလိုအပ်သော ခွဲစိတ်ကုသမှုများကို လျှော့ချနိုင်ရန် နှင့်JCI (Joint Commission International) မှ နိုင်ငံတကာစံနှုန်းဖြင့် အလုံးစုံ စောင့်ရှောက်မှုကို ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ သင့်အား ရနိုင်သောအကောင်းဆုံးကုသမှုများပေးခြင်းဖြင့် သင်နှစ်သက်သည့်အရာများကို ပြန်လည်လုပ်ဆောင်ရန် ဖြစ်သည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကျောရိုးအထူးကုစင်တာ

    ဒုတိယထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    နေ့စဥ် မနက် ၇ နာရီ မှ ည‌ ၈ နာရီ

    (+66) 2755 1549

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ
    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ

    42,000 - 621,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    ပြင်းထန်သော office syndrome ဝေဒနာ ကျောရိုးသည် ထာဝရပျက်စီးသွားနိုင်သည်။ Image
    AI
    ပြင်းထန်သော office syndrome ဝေဒနာ ကျောရိုးသည် ထာဝရပျက်စီးသွားနိုင်သည်။
    အနည်းဆုံး ထိုးဖောက်ဝင်ရောက်နိုင်သော ဘိလပ်မြေ-အားဖြည့်ထားသော ကျောရိုးဝက်အူနေရာချထားခြင်းနည်းပညာ (MIS CAPT) Image
    AI
    အနည်းဆုံး ထိုးဖောက်ဝင်ရောက်နိုင်သော ဘိလပ်မြေ-အားဖြည့်ထားသော ကျောရိုးဝက်အူနေရာချထားခြင်းနည်းပညာ (MIS CAPT)
    သံလွင်၏ ခန္ဓာကိုယ်ဘက်ခြမ်းသို့ သေးငယ်သော ခွဲစိတ်မှုဖြင့် ကျောရိုးခွဲစိတ်မှု (OLIF) သည် နာကျင်မှုကို သက်သာစေပြီး အမြန်ပြန်လည်ကောင်းမွန်လာကာ ခါးနာခြင်းကို သက်သာစေသည်။ Image
    AI
    သံလွင်၏ ခန္ဓာကိုယ်ဘက်ခြမ်းသို့ သေးငယ်သော ခွဲစိတ်မှုဖြင့် ကျောရိုးခွဲစိတ်မှု (OLIF) သည် နာကျင်မှုကို သက်သာစေပြီး အမြန်ပြန်လည်ကောင်းမွန်လာကာ ခါးနာခြင်းကို သက်သာစေသည်။
    ကျန်းမာ