Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Doctor not found
Doctor not found
Doctor not found
Doctor not found
Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    Endoscopic Discectomy: နာတာရှည်ခါးနာခြင်းကို ခွဲစိတ်ရာအသေးငယ်ဆုံးသော ခွဲစိတ်ကုသမှုဖြင့် ကုသနည်း

    2 ဖတ်ပြီး မိနစ်(များ)
    သတင်းရင်းမြစ်
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 06 ဇန် 2026
    အကြံပြု ပက်ကေ့ဂျ်များ
    Package Image
    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ
    Endoscopic Discectomy: နာတာရှည်ခါးနာခြင်းကို ခွဲစိတ်ရာအသေးငယ်ဆုံးသော ခွဲစိတ်ကုသမှုဖြင့် ကုသနည်း
    Bangkok International Hospital (Brain x Bone)
    အပ်ဒိတ်လုပ်သောနေ့: 06 ဇန် 2026

    နာတာရှည်ခါးနာခြင်းသည် လူတစ်ဦး၏ နေ့စဉ်ဘဝကို ထိခိုက်စေနိုင်သော ပြန်လည်ဖြစ်ပွားတတ်သည့် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါသည်။ အဖြစ်များသော အခြေအနေများမှာ အသက်ကြီးလာခြင်းကြောင့် ဖြစ်ပေါ်လာသော ကျောရိုးဆစ်ချပ်ပြားကျွံခြင်း (herniated disc) နှင့် ကျောရိုးပုံစံမမှန်ခြင်း (spinal stenosis) တို့ဖြစ်ပါသည်။ ထိုနာကျင်မှုများသည် သာမန်ကုသမှုနည်းလမ်းများဖြင့်ကုသသော်လည်း မသက်သာပါက Endoscopic Discectomy ဟုခေါ်သော ခွဲစိတ်ရာအသေးငယ်ဆုံးသော ခွဲစိတ်ကုသမှုဖြင့် ကုသနိုင်ပါသည်။

     

    Endoscopic Discectomy ဆိုတာဘာလဲ?

    Endoscopic Discectomy/Foraminotomy သည် ခွဲစိတ်ရာအသေးငယ်ဆုံးသော ခွဲစိတ်ကုသမှုဖြစ်ပြီး ကျောရိုးအာရုံကြောများကိုဖိမိနေသော ကျောရိုးဆစ်ချပ်ပြားကျွံနေသည့် အစိတ်အပိုင်းကိုဖယ်ရှားရန် မှန်ပြောင်းအသေးတစ်ခု (endoscope) ကို အသုံးပြုပါသည်။ Endoscope ၏ အရွယ်အစားမှာ ၀.၈ စင်တီမီတာသာရှိပြီး သွေးထွက်ခြင်းကို ထိန်းချုပ်ရန် Bipolar နှင့် radiofrequency ကို အသုံးပြုပါသည်။ ခွဲစိတ်ဆရာဝန်သည် မော်နီတာမှတစ်ဆင့် ခွဲစိတ်မှုပုံရိပ်များကို ကြည့်ရှုနိုင်ပါသည်။ Endoscopic ခွဲစိတ်မှုကို ပြုလုပ်ရန် ခွဲစိတ်ဆရာဝန်များသည် ကောင်းစွာလေ့ကျင့်သင်ကြားထားရမည့်အပြင် ဤနယ်ပယ်တွင် ကျွမ်းကျင်သူများလည်းဖြစ်ရပါမည်။

    ပြဿနာဖြစ်နိုင်ခြေ လျော့နည်းခြင်း

    Endoscopic Discectomy သည် သမားရိုးကျခွဲစိတ်မှုနှင့် နှိုင်းယှဉ်ပါက မလိုလားအပ်သောနောက်ဆက်တွဲ ပြဿနာများဖြစ်နိုင်ခြေကို လျော့နည်းစေပါသည်။

    • ပိုးဝင်နိုင်ခြေလျော့နည်းခြင်း (၁-၂%)
    • Dural tear ဖြစ်နိုင်ခြေလျော့နည်းခြင်း (၁-၂%)
    • ကျောရိုးဆစ်ချပ်ပြားပြန်ကျွံနိုင်ခြေလျော့နည်းခြင်း (၅%)
    • Laparoscopic ခွဲစိတ်မှုမှ သမားရိုးကျခွဲစိတ်မှုသို့ ပြောင်းလဲရန် အခွင့်အလမ်းနည်းပါးခြင်း

    Endoscopic Discectomy အတွက် သင့်တော်သူများ

    • ကျောရိုးဆစ်ချပ်ပြားကျွံနေသူများ
    • ကျောရိုး၊ အဆစ်နှင့် ကျောရိုးဆစ်များ ယိုယွင်းလာခြင်းကြောင့် ကျောရိုးပုံစံမမှန်နေသူများ

    Endoscopic Discectomy ၏ ကောင်းကျိုးများ

    • ခွဲစိတ်ရာတွင် မျက်နှာပြင်ကြီးမားပြီး ရှင်းလင်းပြတ်သားသော ခွဲစိတ်မှုပုံရိပ်မြင်ကွင်း
    • ပတ်ဝန်းကျင်ရှိ တစ်သျှူး၊ အရိုးနှင့် ကြွက်သားများကို ထိခိုက်မှုနည်းပါးခြင်း
    • ခွဲစိတ်ဒဏ်ရာသေးငယ်ခြင်း၊ နာကျင်မှုနည်းပါးခြင်း၊ သွေးထွက်နည်းခြင်း၊ ဆေးရုံတက်ချိန်တိုတောင်းခြင်း
    • ကျောရိုးတွင် အမာရွတ်ဖြစ်ခြင်းကို လျှော့ချပေးခြင်း
    • နောက်ထပ်ခွဲစိတ်မှုလိုအပ်ပါကအခက်အခဲမရှိနိုင်ခြင်း

    ခွဲစိတ်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ

    • ဆေးရုံတွင် (၁) ညသာနေထိုင်ရန် လိုအပ်ခြင်း
    • ခွဲစိတ်ပြီးပြီးချင်း လမ်းလျှောက်နိုင်ခြင်း
    • ခွဲစိတ်ပြီး (၂) ပတ်အကြာတွင် အလုပ်နှင့် လေ့ကျင့်ခန်းများကို ပြန်လည်လုပ်ဆောင်နိုင်ခြင်း

     

    Endoscopic Discectomy သည် ကျောရိုးဆစ်ချပ်ပြားကျွံခြင်းနှင့် ကျောရိုးပုံစံမမှန်ခြင်းတို့အတွက် သမားရိုးကျခွဲစိတ်မှုနှင့် ညီမျှသောခွဲစိတ်မှုရလဒ်များကို ပေးစွမ်းနိုင်ပါသည်။ Endoscopic ခွဲစိတ်မှုသည် နာကျင်မှုနည်းပါးခြင်း၊ သွေးထွက်နည်းခြင်းနှင့် ဆေးရုံတက်ချိန်တိုတောင်းခြင်းစသည့် ကောင်းကျိုးများကိုပါ ရရှိစေပါသည်။ Bangkok Spine Academy သည် JCI (Joint Commission International) မှ နိုင်ငံတကာစံနှုန်းများဖြင့် လူနာများအတွက် အကောင်းဆုံးကုသမှုအကျိုးကျေးဇူးကိုရရှိစေရန်နှင့် မလိုအပ်သော ခွဲစိတ်မှုများကို လျှော့ချရန် ရည်ရွယ်ပြီး ပြီးပြည့်စုံသောကျန်းမာရေးစောင့်ရှောက်မှုများကို ပေးစွမ်းနေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ သင့်အား အကောင်းဆုံးသောကုသမှုနည်းလမ်းများဖြင့် သင်နှစ်သက်သောအရာများကို အမြန်ဆုံးပြန်လည်လုပ်ဆောင်နိုင်စေရန် ဖြစ်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    ကျောရိုးအထူးကုစင်တာ

    ဒုတိယထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    နေ့စဥ် မနက် ၇ နာရီ မှ ည‌ ၈ နာရီ

    (+66) 2755 1549

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ
    ကျောရိုးခွဲစိတ်ကုသမှုပက်ကေ့ချ်များ

    42,000 - 621,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ကျန်းမာ

    ကျန်းမာ

    ကျန်းမာ

    ပြင်းထန်သော office syndrome ဝေဒနာ ကျောရိုးသည် ထာဝရပျက်စီးသွားနိုင်သည်။ Image
    AI
    ပြင်းထန်သော office syndrome ဝေဒနာ ကျောရိုးသည် ထာဝရပျက်စီးသွားနိုင်သည်။
    အနည်းဆုံး ထိုးဖောက်ဝင်ရောက်နိုင်သော ဘိလပ်မြေ-အားဖြည့်ထားသော ကျောရိုးဝက်အူနေရာချထားခြင်းနည်းပညာ (MIS CAPT) Image
    AI
    အနည်းဆုံး ထိုးဖောက်ဝင်ရောက်နိုင်သော ဘိလပ်မြေ-အားဖြည့်ထားသော ကျောရိုးဝက်အူနေရာချထားခြင်းနည်းပညာ (MIS CAPT)
    သံလွင်၏ ခန္ဓာကိုယ်ဘက်ခြမ်းသို့ သေးငယ်သော ခွဲစိတ်မှုဖြင့် ကျောရိုးခွဲစိတ်မှု (OLIF) သည် နာကျင်မှုကို သက်သာစေပြီး အမြန်ပြန်လည်ကောင်းမွန်လာကာ ခါးနာခြင်းကို သက်သာစေသည်။ Image
    AI
    သံလွင်၏ ခန္ဓာကိုယ်ဘက်ခြမ်းသို့ သေးငယ်သော ခွဲစိတ်မှုဖြင့် ကျောရိုးခွဲစိတ်မှု (OLIF) သည် နာကျင်မှုကို သက်သာစေပြီး အမြန်ပြန်လည်ကောင်းမွန်လာကာ ခါးနာခြင်းကို သက်သာစေသည်။
    ကျန်းမာ