Bangkok Hospital
Caret Right
Search
CTA Curve
ဆရာဝန်များ icon
ဆရာဝန်များ
ရက်ချိန်းယူခြင်း icon
ရက်ချိန်းယူခြင်း
ဆက်သွယ်ရန် icon
ဆက်သွယ်ရန်
ဖုန်းခေါ်ဆိုရန် undefined
Menu
  • Select Hospital

  • Language

Bangkok Hospital
အဆက်အသွယ်မပြတ် ရှိနေပါ
Google မြေပုံတွင် ကြည့်မည်
    ကိုယ်

    |

    ကွတ်ကီး ပေါ်လစီ

    Copyright © 2026 Bangkok Hospital. All right reserved


    ဆေးရုံများလမ်းညွှန်ကွန်ရက်
    MEMBER OFBDMS logo

    တင်ပါးဆုံနှင့်ဒူးခေါင်းပိုင်းဆိုင်ရာအထူးကုစင်တာ

    Google AI Translate
    Translated by AI
    ဝန်ဆောင်မှုများ
    ဆရာဝန်များ
    ရောဂါများနှင့်ကုသမှု
    လူနာမှတ်တမ်း
    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ
    အကဲဖြတ်မှု

    အကျဉ်း

    တင်ပါးဆုံရိုးအစားထိုးခွဲစိတ်ကုသခြင်း

    ဒူးခေါင်းအစားထိုးခွဲစိတ်ကုသခြင်း

    ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

    တင်ပါးဆုံနှင့်ဒူးခေါင်းနေရာတစ်ဝိုက်တွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း၊ ဒူးခေါက်ခြင်း၊ ဒူးများကြားရှိ အကွာအဝေးမတူခြင်း၊ လှုပ်ရှားနေစဉ်အသံမြည်ခြင်း၊ အပြည့်အဝမဆန့်တန်းနိုင်ခြင်း၊ အထိုင်အထခက်ခဲခြင်းနှင့် လှေကားအတက်အဆင်းခက်ခဲခြင်းတို့သည် တင်ပါးဆုံနှင့် ဒူးခေါင်းအဆစ် နာကျင်ခြင်း တို့၏လက္ခဏာရပ်များဖြစ်ပါသည်။ ၎င်းသည် အဆက်မပြတ်နာကျင်ကိုက်ခဲခြင်းနှင့် လူတစ်ဦး၏ နေ့စဉ်ဘဝ အတွက် သက်တောင့်သက်သာမဖြစ်စေနိုင်သည့်အပြင် ကြီးမားသောအတားအဆီးများကိုလည်း ဖြစ်စေနိုင်ပါ သည်။ ဤအခြေအနေများသည် သက်ကြီးရွယ်အိုများတွင်သာမကငယ်ရွယ်သူများတွင်ပါ ကြုံတွေ့ရတတ်ပါသည်။ တင်ပါးဆုံနှင့်ဒူးခေါင်းကုစင်တာသည် လူနာများ၏တင်ပါးဆုံရိုးနှင့်ဒူးခေါင်း၏အခြေအနေများကို ရောဂါရှာဖွေခြင်းနှင့် ကုသပေးခြင်းများတွင်

    • တင်ပါးဆုံရိုးရောင်ရမ်းနာကျင်ခြင်းနှင့် အရိုးအဆစ်နာကျင်ရောင်ရမ်းခြင်း
    • သွေးလေးဖက်နာ (rheumatoid arthritis), Ankylosing Spondylitis, အရိုးနာကျင်ခြင်းများ၊ မတော်တဆမှုထိခိုက်ဒဏ်ရာရမှုများကြောင့် အရိုးအဆစ်နာကျင်ရောင်ရမ်းခြင်း ၊ အရွတ်စုတ်ပြဲခြင်းများ ၊ အရိုးကျိုးခြင်းများ၊ subluxation၊ ပိုးဝင်ခြင်းကြောင့် အရိုးအဆစ်များပျက်စီးခြင်း စသည်တို့အတွက်စစ်ဆေးကုသခြင်းများပါဝင်ပါသည်။
    • Avascular necrosis of femoral head, Osteonecrosis of the knee
    • ခြေခွင်ခြင်းကဲ့သို့သော တင်ပါးဆုံနှင့် ဒူးခေါင်းများပုံသဏ္ဍာန်မမှန်မှုများနှင့် မူမမှန်မှုများ
    • ကျောရိုးဆင့်ကြားရှိချပ်ပြားကျွံခြင်း
    • မွေးရာပါတင်ပါးဆုံနေရာလွဲခြင်း
    • ကနဦးခွဲစိတ်မှုတွင် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများ ဥပမာ– အစားထိုးထားသော ကိရိယာ Implants များလျော့ရဲခြင်း၊ လျော့ရဲနေသောအဆစ်များကြောင့်အရိုးကျိုးခြင်း ၊ အစားထိုးထားသော ကိရိယာ ထည့်သွင်းပြီးနောက် ဒူးမကွေးနိုင်ခြင်း၊ implantအစားထိုးကုသပြီးနောက်အရိုးကျိုးခြင်း နှင့် ပိုးဝင်ခြင်း

    ကုသမှုအဆင့်တိုင်းတွက်စိတ်ပူပန်မှုမဖြစ်စေရပါ


    Direct Anterior Approach Cosmetic Incision Hip Replacement
    ၏အဓိကသော့ချက်မှာ ကျွန်ုပ်တို့၏ ခွဲစိတ်ဆရာဝန်များ၏ကျွမ်းကျင်မှုနှင့် ခွဲစိတ်မှုလုပ်ဆောင်နေစဥ်နှင့် ဆောင်ရွက်ပြီးနောက်တွင် ကျွန်ုပ်တို့၏ နောက်ဆက်တွဲပြုစုစောင့်ရှောက်မှုများပင်ဖြစ်ပါသည်။ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် စိတ်ကျေနပ်ဖွယ်ရလဒ်များအတွက် ဘန်ကောက်တင်ပါးဆုံနှင့်ဒူးခေါင်းကုစင်တာသည် အဆင့်မြင့်စောင့်ရှောက်မှု၊နည်းပညာများဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးရန် ကတိပြုပါသည်။ 

    1. ကျွန်ုပ်တို့၏ပြုစုစောင့်ရှောက်မှုများသည် လူနာများအပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်အထိ အကျိုးသက်ရောက်မှုရှိစေရန် ခွဲစိတ်မှုမပြုလုပ်မီနှင့် ခွဲစိတ်မှုအပြီး ကုသမှုအစီအစဉ်များကို လူနာတစ်ဦးချင်းအလိုက်စီစဥ်ဆောင်ရွက်ထားရှိပါသည်။ ကျွန်ုပ်တို့သည်လူနာများကို ၎င်းတို့ကိုယ်တိုင် ပြန်လည်ကောင်းမွန်လာစေရန် လမ်းညွှန်ပေးမည့်နယ်ပယ်ပေါင်းစုံမှဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့ဖြင့် ပြီးပြည့်စုံသောလူနာစောင့်ရှောက်မှုကို ဝန်ဆောင်မှုပေးထားပါသည်။ – ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန်များသည် လူနာများအားခွဲစိတ်ပြင်ဆင်ရာတွင်သီးသန့်လူနာအခြေအနေများအရ (ဒစ်ဂျစ်တယ်ပုံစံ သို့မဟုတ် လူနာတစ်ဦးချင်းအလိုက်ကိရိယာများ) ကွန်ပျူတာနည်းပညာကို အသုံးပြု၍ အဆစ်အမြစ်ခွဲစိတ်ပြုပြင်ခြင်းများနှင့် အနီးကပ်ကြီးကြပ်မှုများ ကို သူနာပြုများ၊ မေ့ဆေးဆရာဝန်များ၊ အာဟာရဗေဒပညာရှင်များနှင့်အတူ စီစဉ်ဆောင်ရွက်ပါသည်။ – ခွဲစိတ်မှုအပြီးတွင် လူနာအားပြုစုစောင့်ရှောက်မှုအတွက် အထူးကုသဆောင်သို့ပို့ဆောင်ပါသည်။ သူနာပြုများ၊ သမားတော်များ၊ မေ့ဆေးပါရဂူများနှင့် ပြန်လည်သန်စွမ်းရေးသမားတော်များသည် လူနာအား သွားရောက်ကြည့်ရှုပြီး ပုံမှန်ကျန်းမာကြံ့ခိုင်သောဘဝသို့ အမြန်ဆုံးပြန်လည်ရရှိနိုင်စေရန် ရည်ရွယ်၍ ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ရေးဆွဲပါသည်။ ကျွန်ုပ်တို့သည် ဆေးဝါးများ ၊ ဆေးဝါးမဟုတ်သောကုသမှုများဖြင့် သွေးပြန်ကြောပိတ်ဆို့ခြင်းများကိုကာကွယ်ရင်း ပြန်လည်ထူထောင်ရေးကာလအတွင်း Alter G စက်ကို အသုံးပြုပါသည်။ လူနာပြုစုစောင့်ရှောက်မှုဝန်ဆောင်မှုများသည်အရိုးပွရောဂါရှိသော လူနာများအတွက်ပါဆောင်ရွက်ပေးနေပါသည်။
    2. အလုံးစုံသောအဆစ်အမြစ်စောင့်ရှောက်ခြင်းကို ခွဲစိတ်ကုသခြင်းမဟုတ်သောကုသမှု၊ ကြွက်သားပြန်လည်ကြံ့ခိုင်သန်စွမ်းရေး နှင့် အရိုးအဆစ်ရောင်ရောဂါအတွက်ဆေးထိုးကုသခြင်းအပါအဝင် အဆစ်အမြစ်ပိုင်းဆိုင်ရာများပြန်လည်ကျန်းမာသန်စွမ်းရေးခွဲစိတ်မှု၊ မှန်ပြောင်းကြည့်ခွဲစိတ်မှု သို့မဟုတ် အဆစ်အမြစ်အစားထိုးခွဲစိတ်ကုသခြင်း၊ Alter G စက်ဖြင့်လမ်းလျှောက်ဟန်ချက်ကိုချိန်ညှိခြင်းကဲ့သို့သော နည်းပညာများကိုအသုံးပြု၍ ရောဂါ၏အစောပိုင်းအဆင့်တွင် စတင်ဆောင်ရွက်ပါသည်။ အဆစ်တစ်ခုပြောင်းလဲခွဲစိတ်ကုသပြီးသော်လည်း ပြဿနာများရှိနေသေးသောလူနာများတွင်လဲကုသမှုပေးပါသည်။
    3. လူနာတစ်ဦးစီအတွက် အသင့်တော်ဆုံးနှင့်အကောင်းဆုံး နောက်ဆုံးပေါ်ခေတ်မီအစားထိုးimplant များကိုရွေးချယ်ပေးပါသည်။ တင်ပါးဆုံရိုးအစားထိုးလူနာများအတွက် ရရှိနိုင်သောပစ္စည်းများမှာ အခြားပစ္စည်းများထက် ပိုမိုခိုင်ခံ့ပြီးတောက်ပသည့်ကြွေထည်အမျိုးအစားဖြစ်ပြီး အသက် ၄၆ နှစ်မှ ၆၀ ထိလူနာများအတွက်သင့်လျော်ပါသည်။ ခေတ်မီအစားထိုးပစ္စည်းအသစ်များအသုံးပြုထည့်သွင်းခြင်းဖြင့် implant နစ်၀◌င်ခြင်းပြဿနာများမဖြစ်စေပါ။
    4. ကွန်ပျူတာအကူအညီဖြင့် တင်ပါးဆုံရိုး လမ်းကြောင်းပြအရိုးခွဲစိတ်မှုနည်းလမ်းအသစ်ကို အသုံးပြု၍ တင်ပါးဆုံရိုးအစားထိုးကုသခြင်း။
    5. အတွေ့အကြုံရှိသော တင်ပါးဆုံနှင့်ဒူးခေါင်းအထူးကုခွဲစိတ်ဆရာဝန်ကြီးများ။

    ထို့အပြင်ကျွန်ုပ်တို့၏တင်ပါးဆုံနှင့်ဒူးခေါင်းကုစင်တာတွင် လူနာများအား အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုကိုပေးစွမ်းနိုင်ရန်အလေးထားပါသည်။Multimodal Preemptive Management Program မှတဆင့် ခွဲစိတ်မှုမပြုလုပ်မီ နာကျင်မှုစီမံခန့်ခွဲချိန်မှလူနာတစ်ဦးချင်းတွက်သင့်လျော်သော ခွဲစိတ်မှုကိုဒစ်ဂျစ်တယ်နည်းပညာဖြင့်ရှုထောင့်အမျိုးမျိုးမှစီစဉ်ရေးဆွဲချိန်ထိအသုံးပြုပါသည်။ ၎င်းတွင်လမ်းကြောင်းပြနည်းပညာဖြင့်နာကျင်မှုမရှိသောဒူးခေါင်းအစားထိုးခွဲစိတ်ကုသခြင်း ၊အစားထိုးပစ္စည်းကိရိယာကို မှန်ကန်သော အနေအထားတွင် ထားရှိစေရန်၊ အမှားအယွင်းများကို လျှော့ချရန်နှင့် ခွဲစိတ်ရာတွင် တိကျမှုကို တိုးမြှင့်ရန် ကူညီပေးသည့် အိတ်ဆောင်ကွန်ပျူတာကို အသုံးပြုထားသည့် အဆစ်အစားထိုး ခွဲစိတ်မှုတို့ပါ၀◌င်ပါသည်။implants များ၏ထိရောက်မှုနှင့် တာရှည်ခံမှုကိုသေချာစေရန် သတ္တုနှင့် အထူးပြုပလတ်စတစ်များအပြင် ကြွေထည်များပါရှိသော လူနာများအတွက် အသင့်လျော်ဆုံး၊ အကောင်းဆုံး အရည်အသွေးနှင့် နောက်ဆုံးပေါ် အစားထိုးပစ္စည်းများကို ကျွန်ုပ်တို့ ရွေးချယ်ပါသည်။

    သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ

    တင်ပါးဆုံနှင့်ဒူးခေါင်းပိုင်းဆိုင်ရာအထူးကုစင်တာ

    ပထမထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

    တနလာ်‌နေ့ မှ သောကြာနေ့ထိ မနက် ၈ နာရီ မှ ညနေ ၅ နာရီ

    (+66) 2310 3731

    (+66) 2310 3732

    1719 (local mobile calls only)

    [email protected]

    သက်ဆိုင်သော ဆရာဝန်များ

    ဆရာဝန်အားလုံးကို ကြည့်မည်

    ပက်ကေ့ဂျ်များနှင့် ပရိုမိုးရှင်းများ

    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များတင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ
    တင်ပါးဆုံရိုး နှင့် ဒူးခေါင်းခွဲစိတ်ကုသမှုဆိုင်ရာ အထူးပက်ကေ့ဂျ်များ

    344,000 - 730,000 ဘတ်

    အသေးစိတ်
    ပက်ကေ့ဂျ်များ ပိုမိုကြည့်ရှုမည်

    ရောဂါများနှင့်ကုသမှု

    အားလုံးကြည့်မည်

    လူနာမှတ်တမ်း

    အားလုံးကြည့်မည်